မိမိမွေးရပ်မြေအမိ မြန်မာပြည်ခရီးဒီနေ့ စတင်ပါသည်၊ Frontier Airline နဲ့  MSP International လေဆိပ်ကနေ January 30 ရက် နေ့ မွန်းလွဲ ၃ နာရီမှာ Denver ကို ဦးဇင်း ဦးနာယကနဲ့ အတူ ခရီးစထွက်တာပါ၊ Denver နဲ့  MN က ၁ နာရီကွာတယ်၊ MN မှာ ၅ နာရီ၊ Denver လေဆိပ်ကို ၄ နာရီ မှာရောက်ပါတယ်၊ ဒီလေဆိပ်ကနေ ညနေ ၇နာရီ မှာ Austin စုရပ်ကိုခရီးဆက်မှာပါ၊ လေဆိပ်မှာ ၃ နာရီလောက် အချိန်ရတာမို့ဒီခရီးသွားမှတ်တမ်းလေးရေးလိုက်တာပါ၊ မှတ်တမ်းရေးလောက် အောင်ဘာများ ထူးခြားလို့ လဲ လို့ မေးစရာရှိပါတယ်၊ ဒီလိုပါ၊
- မြန်မာပြည်က ထွက်လာခဲ့တာ လာမယ့် October ဆိုရင် အနှစ် ၂၀ တင်းတင်းပြည့်ပါပြီ။
- အကြောင်းကြောင်းတွေကြောင့် မပြန်ဖြစ်ခဲ့ ပေမဲ့ သီတဂူဆရာတော်ဘုရားကြီးရဲ့ ၇၂ နှစ်မြောက်မွေးနေ့ ရယ်၊ ဆရာတော်ကြီး တည်ထောင်ထားတဲ့ သီတဂူဗုဒ္ဓတက္ကသိုလ်ပထမအကြိမ်ဘွဲ့ နှင်းသဘင်ခန်းမဖွင့်ပွဲတိုက်တိုက်
ဆိုင်ဆိုင်ကြုံ နေတာရယ်၊၊
-အားလုံးသောထောက်အပံ့နဲ့ အခြေနေပေးတာတွေဆုံလာတာကြောင့် အနှစ် ၂၀ နီးပါးဝေးနေရတဲ့ ဇာတိချက်ကြွေမွေးရပ်မြေကိုပြန်ခွင့်ရခဲ့တာပါ၊ အကြာင်းပေါင်းစုံညီညွတ်လာတယ်လို့ ဆို ရမှာပါ၊
No comments:
Post a Comment